
၂၀၂၆ ဇွန် ၂၇
စိတ်အတွက် အာဟာရ။
Directed psychoeducation from leading clinicians, curated for the people of Myanmar.

Han Zaw Latt is a public voice in the Myanmar community and a current student and researcher of psychology. As a political refugee, Han Zaw Latt understands the impact of war and trauma on mental-health. His aim is to alleviate suffering among the Myanmar and other war-afflicted people. This talk show provides them with practical mental-health guidance towards that goal.
Han အကြောင်း ပိုမိုသိရှိရန် hanzawlatt.com →
၂၀၂၆ ဇွန် ၂၉

၂၀၂၆ ဇွန် ၂၇

၂၀၂၆ ဇွန် ၂၇

၂၀၂၆ ဇွန် ၁၇
“စိတ်အာဟာရ” အစီအစဉ်သည် စိတ်ကျန်းမာရေး၊ စိတ်ဒဏ်ရာ (Trauma)၊ စိတ်ဖိစီးမှု၊ လူမှုဆက်ဆံရေးနဲ့ နေ့စဉ်ဘဝမှာ ကြုံတွေ့နေကြတဲ့ စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေကို ပိုမို နားလည်နိုင်စေဖို့ ရည်ရွယ်ဖန်တီးထားတဲ့ Talk Show အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ လူတော်တော်များများက ကိုယ်ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေ၊ ဝမ်းနည်းမှုတွေ၊ ကြောက်ရွံ့မှုတွေကို ဖွင့်မပြောနိုင်ဘဲ တိတ်တဆိတ် ရင်ဆိုင်ခံစားနေကြရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို စစ်ပဋိပက္ခတွေ၊ မတည်ငြိမ်မှုတွေနဲ့ အပြောင်းအလဲတွေကြားမှာ နေထိုင်နေရတဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် စိတ်ကျန်းမာရေးအကြောင်းကို နားလည်ဖို့နဲ့ ပြောဆိုနိုင်ဖို့က ပိုပြီး အရေးကြီးလာပါတယ်။ ဒါကြောင့် “စိတ်အာဟာရ” Talk Show ကို မိမိရဲ့စိတ်ခံစားချက်များကို ပိုနားလည်လာစေဖို့၊ Trauma နဲ့ PTSD လို စိတ်ဒဏ်ရာဆိုင်ရာအခြေအနေတွေကို သိရှိလာစေဖို့၊ စိတ်ကျန်းမာရေးအပေါ် ရှိနေတဲ့ အထင်မှားမှုတွေ လျော့နည်းစေဖို့၊ ကျန်းမာတဲ့ ရင်ဆိုင်ဖြေရှင်းနည်းများ (coping skills) ကို လေ့လာနိုင်စေဖို့၊ “စိတ်ကျန်းမာရေး” ကို လူတိုင်းအတွက် အရေးကြီးတဲ့အရာတစ်ခုအဖြစ် မြင်လာစေဖို့ ရည်ရွယ်ပြီး ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ စိတ်ပညာဆိုင်ရာပညာပေးအကြောင်းအရာများ၊ လက်တွေ့ဘဝနဲ့ ဆက်စပ်တဲ့ ဥပမာများ၊ ကျွမ်းကျင်သူများနဲ့ ဆွေးနွေးမှုများ၊ လူငယ်များနဲ့ မိသားစုများအတွက် အသုံးဝင်မယ့် နည်းလမ်းများကို ရိုးရှင်းလွယ်ကူတဲ့ ဘာသာစကားနဲ့ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ စိတ်အာဟာရ Trauma Series ရဲ့ ပထမဆုံး Featured Speaker အနေနဲ့ နိုင်ငံတကာ စိတ်ကျန်းမာရေးနယ်ပယ်မှာ အတွေ့အကြုံများစွာရှိတဲ့ ပညာရှင် Dr. Maung Oakarr ကို ဖိတ်ခေါ်ထားပါတယ်။ ဆရာဟာ လက်ရှိမှာ ယူကေနိုင်ငံရဲ့ Consultant Psychiatrist တစ်ဦးဖြစ်သလို၊ မြန်မာနိုင်ငံ စိတ်ကျန်းမာရေးဘုတ်အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူထားသူဖြစ်ပါတယ်။ ၁။ Trauma က လက်ရှိအထိဘာလို့လိုက်နေတာလဲဆရာ။ ပြီးခဲ့တဲ့ဖြစ်ရပ်တွေက ဘာလို့ရှင်သန်နေတယ်လို့ ခံစားရတာလဲ ဆရာ။ ၂။ Trigger ဖြစ်စေတဲ့အရာက အသံ တစ်မျိုးပဲရှိတာလားဆရာ။ တခြား အာရုံ ၅ ပါးကြောင့်ရော reliving ပြန်ဖြစ်နိုင်ပါသလား ဆရာ။ ၃။ Trigger ဖြစ်သွားတာကို ကိုယ့်ကိုယ်ကိုယ် ဘယ်လို သတိထားမိနိုင်ပါသလဲ ဆရာ။ ၄။ Trigger ဖြစ်လာတဲ့ အခါ Clam Down ဖြစ်အောင် အလွယ်ဆုံးလုပ်လို့ရတဲ့ နည်းလမ်းတချို့ကို မျှဝေပေးလို့ရနိုင်မလား ဆရာ။ ၅။ Trauma ရှိတဲ့သူတွေ အိပ်မက်ဆိုးတွေ မကြာခဏမက်တာ ဘာလို့လဲဆရာ။ ဒါကိုရော ဘယ်လို လုပ်လို့ ရနိုင်မလဲ ဆရာ။ ၆။ Safe Space Visualization အကြောင်းရှင်းပြပေးလို့ရမလားဆရာ။ ဒါကို အိမ်မှာပဲလေ့ကျင့်လို့ရပါသလား ဆရာ။ ၇။ Trauma ကြုံပြီးနောက်ကြုံတွေ့ရတဲ့ Self-blame က ဘယ်ကနေလာတာလဲ ဘာကြောင့်ဖြစ်တာလဲ ဆရာ။ 🟢🪴🧠🟡 #TraumaSeries #စိတ်အာဟာရ #DrMaungOakarr #MentalHealth
အပိုင်းကြည့်ရန်Like the body, the mind needs nourishment to thrive. When it is exposed to trauma, it needs the be healed. Seit Ahara is spreading mental-health awareness across Myanmar through honest conversations with experts and clinicians. Each talk show addresses myths and stigma surrounding psychology in Myanmar while providing accessible techniques for those afflicted by trauma.
Seit Ahara is hosted by Han Zaw Latt. Episodes can be found on Khit Thit Media channels and Seit Ahara's YouTube.
နာကျင်စရာအတွေ့အကြုံများက ခန္ဓာကိုယ်၊ မှတ်ဉာဏ်၊ ဆက်ဆံရေးနှင့် ပြန်လည်သက်သာလာမှုကို မည်သို့သက်ရောက်နိုင်သည်။
အရှက်နှင့်အပြစ်တင်မှုများကြောင့် လူများ တိတ်ဆိတ်နေကြရသည့်အကြောင်းနှင့် မိသားစု၊ အသိုင်းအဝိုင်းများက ဂရုဏာဖြင့် မည်သို့တုံ့ပြန်နိုင်သည်။
အကူအညီလိုအပ်ချိန်ကို သတိထားမိရန်နှင့် ယုံကြည်စိတ်ချရသော စောင့်ရှောက်မှုကို ရှာဖွေရန် လက်တွေ့ကျသော အဆင့်များ။
မိနစ် ၄၅ မိနစ် ပြည့်ဗားရှင်းကို YouTube နှင့် ဤဝက်ဘ်ဆိုက်တွင် ကြည့်နိုင်ပါသည်။ မိနစ် ၁၅ ဗားရှင်းကို Khit Thit Media တွင် ထုတ်လွှင့်သည်။
အပိုင်းသစ် ထွက်ရှိတိုင်း သင့်အီးမေးလ်ထံ မှတ်စုတစ်ခု ပို့ပေးပါမည်။