Seit Aharaစိတ်အာဟာရSeit Ahara
Back to library
June 7, 2026

Seit Ahara Episode 4

Seit Ahara Episode 4

“စိတ်အာဟာရ” အစီအစဉ်သည် စိတ်ကျန်းမာရေး၊ စိတ်ဒဏ်ရာ (Trauma)၊ စိတ်ဖိစီးမှု၊ လူမှုဆက်ဆံရေးနဲ့ နေ့စဉ်ဘဝမှာ ကြုံတွေ့နေကြတဲ့ စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေကို ပိုမို နားလည်နိုင်စေဖို့ ရည်ရွယ်ဖန်တီးထားတဲ့ Talk Show အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ လူတော်တော်များများက ကိုယ်ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေ၊ ဝမ်းနည်းမှုတွေ၊ ကြောက်ရွံ့မှုတွေကို ဖွင့်မပြောနိုင်ဘဲ တိတ်တဆိတ် ရင်ဆိုင်ခံစားနေကြရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို စစ်ပဋိပက္ခတွေ၊ မတည်ငြိမ်မှုတွေနဲ့ အပြောင်းအလဲတွေကြားမှာ နေထိုင်နေရတဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် စိတ်ကျန်းမာရေးအကြောင်းကို နားလည်ဖို့နဲ့ ပြောဆိုနိုင်ဖို့က ပိုပြီး အရေးကြီးလာပါတယ်။ ဒါကြောင့် “စိတ်အာဟာရ” Talk Show ကို မိမိရဲ့စိတ်ခံစားချက်များကို ပိုနားလည်လာစေဖို့၊ Trauma နဲ့ PTSD လို စိတ်ဒဏ်ရာဆိုင်ရာအခြေအနေတွေကို သိရှိလာစေဖို့၊ စိတ်ကျန်းမာရေးအပေါ် ရှိနေတဲ့ အထင်မှားမှုတွေ လျော့နည်းစေဖို့၊ ကျန်းမာတဲ့ ရင်ဆိုင်ဖြေရှင်းနည်းများ (coping skills) ကို လေ့လာနိုင်စေဖို့၊ “စိတ်ကျန်းမာရေး” ကို လူတိုင်းအတွက် အရေးကြီးတဲ့အရာတစ်ခုအဖြစ် မြင်လာစေဖို့ ရည်ရွယ်ပြီး ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ စိတ်ပညာဆိုင်ရာပညာပေးအကြောင်းအရာများ၊ လက်တွေ့ဘဝနဲ့ ဆက်စပ်တဲ့ ဥပမာများ၊ ကျွမ်းကျင်သူများနဲ့ ဆွေးနွေးမှုများ၊ လူငယ်များနဲ့ မိသားစုများအတွက် အသုံးဝင်မယ့် နည်းလမ်းများကို ရိုးရှင်းလွယ်ကူတဲ့ ဘာသာစကားနဲ့ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ စိတ်အာဟာရ Trauma Series ရဲ့ ပထမဆုံး Featured Speaker အနေနဲ့ နိုင်ငံတကာ စိတ်ကျန်းမာရေးနယ်ပယ်မှာ အတွေ့အကြုံများစွာရှိတဲ့ ပညာရှင် Dr. Maung Oakarr ကို ဖိတ်ခေါ်ထားပါတယ်။ ဆရာဟာ လက်ရှိမှာ ယူကေနိုင်ငံရဲ့ Consultant Psychiatrist တစ်ဦးဖြစ်သလို၊ မြန်မာနိုင်ငံ စိတ်ကျန်းမာရေးဘုတ်အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူထားသူဖြစ်ပါတယ်။ ၁။ တချို့လူတွေက “မေ့လိုက်ရင်ရပြီ” လို့ပြောတတ်ကြပါတယ်။ Trauma ကို ဖိနှိပ်ထားတာ (suppression) နဲ့ ဖြေရှင်းတာက တူပါသလားဆရာ။ ၂။ Trauma က body (ခန္ဓာကိုယ်) ကိုပါ သက်ရောက်နိုင်တယ်လို့ ပြောကြပါတယ်။ ဒါကို ရှင်းပြပေးလို့ရမလားခင်ဗျ။ ၃။ Trauma ကြုံပြီးနောက် hypervigilance (အမြဲတမ်း သတိလွန်ကဲနေခြင်း) သို့မဟုတ် overthinking ဖြစ်တာတွေ ဘာကြောင့်ဖြစ်လာတာပါလဲဆရာ။ ၄။ Trauma ကြုံဖူးတဲ့သူတိုင်း PTSD ဖြစ်သွားတာလားခင်ဗျ။ မဖြစ်တဲ့သူတွေနဲ့ ဘာကွာခြားနိုင်ပါသလဲ။ ၅။ Trauma recovery (ပြန်လည်ကောင်းမွန်လာခြင်း) ဆိုတာကို ဆရာ့အနေနဲ့ ဘယ်လိုမြင်ပါသလဲခင်ဗျ။ “လုံးဝမေ့ပစ်နိုင်ခြင်း” လား၊ “အတူယှဉ်တွဲနေထိုင်နိုင်လာခြင်း” လား။ ၆။ Trauma ရှိနေတယ်လို့ ကိုယ့်ကိုယ်ကို သံသယရှိနေတဲ့သူတစ်ယောက်အနေနဲ့ ဘယ်ကစပြီး အကူအညီရှာသင့်ပါသလဲခင်ဗျ။ 🟢🪴🧠🟡 #TraumaSeries #စိတ်အာဟာရ #DrMaungOakarr #MentalHealth

Watch episode